Sunday, 16 April 2023
'Juice Jacking' သို့မဟုတ်ဖုန်းအားသွင်းစဉ် ဟက်ခံရခြင်း။
 'Juice Jacking' သို့မဟုတ်ဖုန်းအားသွင်းစဉ် ဟက်ခံရခြင်း။ 
FBI Denver သတိပေးချက်
Free charging station ဆိုတဲ့ အများပြည်သူသုံးဖို့ လုပ်ပေးထားတဲ့ ဖုန်းအားသွင်းတဲ့ နေရာတွေမှာရှိတဲ့  USB  အပေါက်တွေမှာ ဖုန်းအားသွင်းတာတွေကို တတ်နိုင်သမျှရှောင်ရှားသင့်ကြောင်း FBI Denver အဖွဲ့ခွဲရဲ့ တွီတာအကောင့်မှာ ၂၀၂၃ ဧပြီလ ၆ ရက်နေ့ကတင်ထားပါတယ်။
  FCC ရဲ့သတိပေးချက် 
US အစိုးရရဲ့  FCC (Frderal Communications Commissions) ကလည်း အလားတူသတိပေးမှုမျိုးကို သူတို့ရဲ့ဘလော့မှာတင်ထားပါတယ်။ 
လေဆိပ်၊ ဘတ်စ်ကားဂိတ်၊ ရှောပင်းစင်တာတွေ၊ စားသောက်ဆိုင်တွေမှာ ‌ခရီးသည်တွေ၊ ဈေးဝယ်လာသူတွေ အလွယ်တကူ ဖုန်းအားသွင်းနိုင်အောင် အဲဒီလို Charging station ကလေးတွေ ထားရှိပေးတတ်ကြပါတယ်။
Charging station ကလေးတွေ
အဲဒီလို အများပြည်သူတွေ လွယ်တကူဖုန်းအားသွင်းနိုင်ဖို့လုပ်ထားပေးပုံသုံးမျိုးရှိပါတယ်။
(၁) တခုကတော့ USB ပါဝါ ပေးတဲ့ အပေါက်ကလေးတွေ ထားပေးတာပါ။ အဲဒီ USB  အပေါက်နဲ့ ကိုယ့်ရဲ့ ဖုန်းကို ကိုယ့်အားသွင်းကြိုးနဲ့ ထိုးဆက်ပြီး အားသွင်းလို့ရပါတယ်။ 
ကိုယ့် ချာဂျာ အတုံးကလေးပါမလာသူတွေ အတွက် အဆင်ပြေပါတယ်။
(၂) ဒုတိယပုံစံက AC power outlets ဆိုတဲ့ ပါဝါဆော့ကက်ပဲပေးထားတာပါ။ ကိုယ့်အားသွင်းချာဂျာ အတုံးကလေးပါ တပ်သုံးရပါတယ်။ 
အများစုက ချာဂျာပလပ် မျိုးစုံနဲ့ အဆင်ပြေအောင် Universal power socket နဲ့ သုံးတဲ့ မီးအား AC power 110-120v, 220-240v, 110-240v စသည်ဖြင့်ပုံစံမျိုးစုံနဲ့ ပေးထားတတ်ပါတယ်။
( ဒီနေရာမှာ ကိုယ့်ဖုန်းကအဝင်မီးအားဘယ်လောက်သုံးတယ်ဆိုတာသိဖို့လိုပြီး မီးအားမတူတဲ့ အပေါက်မှာ မှားမထိုးမိဖို့သတိထားရပါတယ်။ ကိုယ်နေတဲ့ တိုင်းပြည်တွင်းမှာပြသနာမရှိပေမယ့် ပြည်ပခရီးသွားလျင်တော့ သတိထားရပါတယ်။  ဖုန်းချာဂျာအများစုကတော့ အဝင်အား ၁၀၀-၂၄၀ ဗို့ ရတတ်ကြလို့ ပြသနာသိပ်မရှိလှပါ။)
(၃) နောက်ပိုင်းခေတ်မှာ ဝါယာလက် အားသွင်းစနစ်ပါဖုန်းမော်ဒယ်တွေအတွက် Qi (ချီ) wireless charger ကလေးတွေပါပေးထားတတ်ပါတယ်။ စားသောက်ဆိုင်၊ ကော်ဖီဆိုင်တွေမှာတောင် စားပွဲတွေမှာ တပ်ထားပေးတတ်ပါတယ်။
လေဆိပ်ရှိ ဖုန်းအားသွင်း စနစ် သုံးမျိုးလုံးပါ  charging station  တခု
ဖုန်းအားသွင်း  Charging station တခု 
လေဆိပ်ရှိ charging station  နမူနာ
လေဆိပ်ရှိ charging station  တခု
 ကော်ဖီဆိုင် စားပွဲပေါ်က ဝါယာလက်စ် အားသွင်းချာဂျာ
USB Charging station ကနေရနိုင်တဲ့ အန္တရာယ်
အဲဒီလို ပေးထားတဲ့ အများသုံးဖုန်းအားသွင်းဖို့ နေရာတွေထဲမှာ လုံခြုံမှုမရှိဆုံးက USB  power outlet   USB  အားသွင်းကြိုးတန်းထိုးပြီးအားသွင်းနိုင်တဲ့ အပေါက်ကလေးတွေပါ။ 
အကြံသမားတွေဟာ အဲဒီအားသွင်း USB  အပေါက်ကို သူတို့ရဲ့ ကွန်ပြူတာလိုစက်တွေနဲ့ဆက်ထားပြီး စပိုင်လုပ်လို့ရတဲ့ ဆော့ဝဲတွေ၊ ဖုန်းကိုဒုက္ခပေးမည့် ဆော့ဖ်ဝဲတွေကို အဲဒီကတဆင့် လာချိတ်တဲ့ ဖုန်းကိုထည့်သွင်းနိုင်ပါတယ်။ ဖုန်းရဲ့ အားသွင်းကြိုးအပေါက်အတွက်ထားတဲ့ လုံခြုံရေးစနစ်ကို ဖျက်နိုင်ပါတယ်။ သူတို့က အဲဒီအပေါက်မှာအားလာသွင်းတဲ့ဖုန်းကို လော့ချတာ၊ ဖုန်းထဲကပါ့စ်ဝါဒ်ခိုးယူတာမျိုးတွေလုပ်ပြီး ဖုန်းပိုင်ရှင်ရဲ့အကောင့်တွေကို ဟက်တာ ၊ ပိုက်ဆံတောင်းတာ၊ အဲဒီလိုလုပ်မည့် ဂိုဏ်းတွေကို အချက်အလက်တွေရောင်းစားတာမျိုးတွေလုပ်နိုင်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ 
တချို့က သူတို့ရဲ့ အကြံအဖန်လုပ်ထားတဲ့ ကြိုးကိုပါ မတော်တဆကျန်ခဲ့သလိုမျိုတန်းလန်းထားပေးခဲ့တာမျိုးလုပ်တတ်သလို တချို့က ကြိုးထဲက မလိုလားအပ်တဲ့ ဆော့ဝဲတွေပါတဲ့ အားသွင်းကြိုးကို ကြော်ငြာ ပရိုမိုးရှင်း အနေနဲ့အလကားပေးတာမျိုး ရှိတယ်ဆိုပါတယ်။ 
အဲဒီလိုဖုန်းအားသွင်းတဲ့ USB  ကြိုးတွေမှာ အားပဲသွင်းတဲ့ Charging only ကြိုးတွေရှိသလို Data transfer လုပ်လို့ရတဲ့ကြိုးတွေလည်းရှိပါတယ်။ ဖုန်းဝယ်လျင် တခါတည်းပေးလိုက်တဲ့ကြိုးတွေဟာ ဒေတာအချက်လက်တွေကို ကူးယူလို့ရတဲ့ Data transfer  ကြိုးတွေပါ။ ကြိုးတွေရဲ့ ခေါင်းထဲမှာ ဆားကစ်တွေ ချစ်ပ်တွေပါပါတယ်။ 
အားသွင်းကြိုးအထဲက ဆားကစ်နဲ့ ချစ်ပ် နမူနာ
ဒီတော့ မိမိဖုန်း အားသွင်းရာက အဲဒီလို ဟက်ခံရတာမျိုးမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ
(၁) အများသုံး ဖုန်းအားသွင်း Station  တွေမှာအားသွင်းလျင်  USB   အပေါက်တွေကိုမသုံးပါနဲ့။ 
(၂) အပြင်ထွက်လျင် ၊ ခရီးသွားလျင် အားသွင်းဖို့ ကိုယ့်ချာဂျာအတုံးနဲ့ကြိုးကို အတူယူဆောင်သွားပါ။ 
(၃) ဖုန်းအားသွင်းဖို့လိုလာလျင် AC power outlet ကို ပဲသုံးပြီး ကိုယ့် ချာဂျာအတုံးနဲ့ တပ်သုံးပါ။ သူတို့ပေးတဲ့ USB  အပေါက်ကိုရှောင်ပါ။ 
(၄) ခရီးသွားလျင် မဖြစ်မနေ သူတပါးရဲ့ USB အပေါက်ကိုသုံးပြီးအားသွင်းရလျင် မိမိဒေတာတွေလုံခြုံရေးအတွက် charging-only cable ကိုပဲသုံးပါ။ အားသွင်းကြိးကို ဝယ်လျင် လည်းယုံကြည်စိတ်ချရတဲ့ ဆိုင်မှ စိတ်ချရတဲ့ တံဆိပ်ကိုရွေးပါ။ 
(၅) ဖုန်းအားသွင်းကြိုးတပ်လို့  ဖုန်းမှာ နိုတီတက်လာပြီး  "share data" or “charge only,”  လို့မေးလာလျင် “charge only.” ကိုပဲရွေးပါ။ 
တကယ်တော့ ရိုးရိုးအားသွင်းတဲ့အပေါက်ကိုထိုးလျင် အဲဒီလိုမမေးပါ။ ရွေးဖို့ မေးလာပြီဆို အဲဒီအပေါက်က ဒေတာကိုပါယူနိုင်စွမ်းရှိတယ်လို့ဆိုလိုတာဖြစ်လို့ အဲဒီအပေါက်ကို လုံးဝဆက်မသုံးတာအကောင်းဆုံးပါ။ 
(၆) ခရီးသွားလျင်  ပါဝါဘဏ့် ဆောင်သွားပါ။ 
Fuel rod ဆိုတဲ့ ပါဝါဘဏ် ဘက်ထရီကလေးတွေကို တော့ နေရာအတော်များများမှာ ဈေးရောင်းစက် Vending machine (Kios) ကနေဝယ်လို့ရသလို အားကုန်သွားတဲ့ ဘက်ထရီကို အားပြည့်ပြီးသားတလုံးနဲ့ လဲလှယ်သုံးလို့ရလို့ အားသွင်းဖို့အချိန်စောင့်စရာမလိုပဲအဆင်ပြေစေတယ်ဆိုပါတယ်။ 
ဖိုးသုည 
16-04-2023
https://phoethunya-it.blogspot.com/2023/04/juice-jacking.html
Saturday, 30 July 2022
ဖုန်းပျောက်သွားလျင် ၊ အခိုးခံရ အလုခံရလျင်
  ဖုန်းပျောက်သွားလျင် ၊ အခိုးခံရ အလုခံရလျင်ဘာတွေလုပ်နိုင်သလဲ။ 
(၁) ပထမဆုံးအနေနဲ့ကတော့ ကိုယ် ဖုန်းတလုံးကိုသုံးတော့မယ်ဆိုတာနဲ့  screen lock မဖြစ်မနေ လုပ်ပါ၊
ဖုန်းကကိုယ်နဲ့အတူရှိမနေတဲ့အခါ သူတပါးက ကိုယ့်ဖုန်းကို တလွဲသုံးလို့မရ၊ ကိုယ့် အကောင့်တွေ အချက်အလက်တွေကိုဝင်ကြည့်လို့မရအောင်ပါ။
(၂)  android phone တွေမှာ Google account ဝင်ပါ။ password  ကို သေချာရေးမှတ်ပြီး လုံခြုံစိတ်ချရတဲ့နေရာမှာသိမ်းပါ။
(၃) ကိုယ်ရေးကိုယ်တာ(သို့) လုပ်ငန်းသုံးအကောင့်တိုင်းကို နှစ်ဆင့်ခံ လုံခြုံရေးထည့်ထားပါ၊
 ဖုန်းပျောက်သွားလျင် ၊ အခိုးခံရ အလုခံရလျင်
Android ဖုန်းတွေမှာ ဘာအမျိုးအစားဖြစ်ဖြစ် ဝင်ထားတဲ့ Google account (G mail account )  ကနေ ကိုယ့်ဖုန်းပြန်ရဖို့ (သို့) အချက်အလက်တွေ အခိုးမခံရ အသုံးချ မခံရစေဖို့ အောက်ပါလုပ်ဆောင်ချက်တွေလုပ်လို့ရပါတယ်။ 
(၁) ဖုန်းတည်နေရာကိုကြည့်လို့ရပါတယ်။
(၂) ဖုန်းကိုအသံမြည်အောင် လုပ်ပြီး ရှာလို့ရပါတယ်။
(၃) ကိုယ့်ကိုဆက်သွယ်နိင်တဲ့ ဖုန်းနံပတ်တခုကို နံပတ်ထည့်ပြီး ပြန်ခေါ်ပေးဖို့ ဖုန်းစကရင်မှာ မက်ဆေ့တင်ထားလို့ရပါတယ်။
(၄) ဖုန်းမှာရှိတဲ့ အချက်အလက်တွေကိုအကုန်ဖျက်ပစ်လို့ရပါတယ်။
တကယ်လို့ဖုန်းက Online တက်မလာလျင်တော့ လုပ်ဆောင်ချက်တွေက အလုပ်လုပ်မှာမဟုတ်ပေမယ့် Online တက်လာတာနဲ့လုပ်ပေးမှာပါ။ 
အထက်ပါလုပ်ဆောင်ချက်အားလုံးအတွက် ကနဦးလုပ်ဆောင်ချက်တွေကတော့ အတူတူပါပဲ၊
ဖုန်းပျောက်သွားတဲ့ အခါ၊ အလုခံ အခိုးခံရတဲ့အခါ ကိုယ်ဘာလုပ်မယ်ဆိုတာ အရင်စဉ်းစားပါ၊ 
(က) အထားမှားလျင်၊ တနေရာရာမှာကျန်ခဲ့လျင်၊ ပြန်တွေ့နိုင်မယ်ထင်လျင်  Find my device ကနေ တည်နေရာကိုရှာ (သို့) ဖုန်းကိုအသံမြည်စေလို့ရပါတယ်၊
အဆောက်အဦကြီးတွေထဲရောက်နေတဲ့ဖုန်းရဲ့ တည်နေရာကတော့ တမိုင်လောက်အထိလွဲနိုင်ပါတယ်။
(ခ) ပြန်မတွေ့နိုင်တဲ့ဖုန်း ( အလုခံ၊ အခိုးခံ)  အတွက် screen lock  ခံထားလျင် သူတို့က  Lock ဖြည်ဖို့ ဆိုင်သွားပြရပါမယ်။၊ ကိုယ်တိုင် လုပ်တတ်သူဆိုလျင်တော့ တမျိးပေါ့။ အများစုကမလုပ်တတ်ကြပါ၊။
အဲဒီအတွက် ဆိုင်ကိုသွားပြတာနဲ့ ဆိုင်က သိနိုင်အောင် မက်ဆေ့တခုကိုရေးထားလို့ရပါတယ် ဖုန်းက online တက်လာတာနဲ့ မက်ဆေ့က screen ပေါ်မှာပေါ်နေပြီး ကိုယ်ထည့်ထားတဲ့ ဖုန်းနံပတ်ကို ခေါ်ဖို့ ဖုန်းပုံကလေးကိုပါပြနေမှာပါ၊
ဖုန်းနံပတ်ထည့်တဲ့အခါ နိုင်ငံကုဒ်  ( မြန်မာဆို 95 ) ထည့်ဖို့လိုပြီး အင်္ဂလိပ်နံပတ် ကို ထည့်ရပါမယ်။
ဆိုင်းတိုင်းကတော့ ကူညီမယ်လို့မျှော်လင့်လို့မရပါ။
ဖုန်းက တနေရာရာမှာကျန်ခဲ့ပြီးရှာမတွေ့လျင် အသံမြည်စေပြီး ဖုန်းကိုတွေ့တဲ့သူဖတ်လို့ရအောင် မက်ဆေ့ပို့ထားခြင်းဖြင့် ကောက်ရသူက ကိုယ့်ကိုဆက်သွယ်ကာ ပြန်ပေးနိုင်ပါတယ်။
(ဂ) ဖုန်းပြန်ရဖို့မျှော်လင့်ချက် မရှိတော့လျင် သို့မဟုတ် ဖုန်းထဲမှာ အရေးကြီးအချက်အလက်တွေရှိတယ် ဆိုလျက်တော့  ဒေတာတွေကို တခါတည်းဖျက်ခိုင်းလိုက်လို့ရပါတယ်။ 
(ဃ) ပြီးလျင်တော့ အထဲက SIM card ထုတ်တဲ့ အော်ပရေတာကို ဖုန်းဆက်ပြီး ကိုယ့်နံပတ်ကို ပိတ်ခိုင်းပါ။ နောင်မှ အစားထိုး SIM ကဒ်ပြန်လျှောက်ပါ၊။   SIM card ကိုမှတ်ပုံတင်ထားသူက လုပ်ရမှာပါ။
ဘယ်လိုလုပ်ကြမလဲ
(၁) တခြားဖုန်းတလုံး (သို့) ကွန်ပြူတာကနေ ပျောက်သွားတဲ့ဖုန်းထဲမှာရှိတဲ့  Google account ကိုဝင်ပါ။  
https://accounts.google.com/signin
အကောင့်မှာ ၂ ဆင့်ခံလုံခြုံရေးလုပ်ထားလျင် ဒီနေရာမှာ အခက်အခဲနည်းနည်းရှိပါတယ်။
အကောင့်ကိုဝင်တာနဲ့ အရင်ဝင်ထားတဲ့ဖုန်းထဲကနေ အတည်ပြုပေး၊ သို့မဟုတ် ပေးထားတဲ့ ဖုန်းနံပတ်ကို ကုဒ်ပို့၊  authenticator app ကနေ ကုဒ်ထုတ်ပြီးထည့်၊ တခုခုလုပ်ရမှာဖြစ်တော့
အဲဒီလို အတည်ပြုပေးရမည့်ဖုန်း၊ ကုဒ်ထုတ်ပေးမည့်၊ ကုဒ်မက်ဆေ့ကိုလက်ခံမည့်ဖုန်းက ပျောက်နေတာဖြစ်လျင် ဝင်မရဖြစ်နိုင်လို့ပါ၊ 
ဒါကြောင့် ကိုယ့် အကောင့်ကို ဖုန်းတလုံးမကမှာ ဝင်ထားတာမရှိလျင် ဖုန်းထဲမှာ နှစ်ဆင့်ခံလုံခြုံရေးမပါတဲ့ အကောင့်တခုကိုထပ်ထည့်ထားနိုင်ပါတယ်။
အကယ်၍ပျောက်တဲ့ဖုန်းရဲ့အကောင့်ဝင်ပြီးရှာမည့်ဖုန်းမှာ မူလကတခြား Google account တခုနဲ့ဝင်ထားလျင် လည်း အဲဒီအကောင့်ရဲ့ ပုံကိုနှိပ်ပြီး Add Another account ကနေ ကိုယ်ပျောက်သွားတဲ့ဖုန်းထဲက အကောင့်ကိုဝင်ပါ။
ကိုယ့်အကောင့်ပုံအောက်မှာ Manage Your Google Account ထဲကနေ Security ကိုသွားပါ။ 
https://myaccount.google.com/security?hl=en
အဲဒီအောက်မှာ Your devices ကိုရှာပါ။ 
အဲဒီမှာ ကိုယ့်အကောင့်ဝင်ထားတဲ့ ဖုန်း၊ တက်ဘလက်၊ ကွန်ပြူတာ အားလုံးကိုပြပါတယ်။ 
အဲဒီထဲက ကိုယ်ပျောက်သွားတဲ့ဖုန်းကိုရွေးပါ။ 
အဲဒီဖုန်းကိုရွေးပေးလိုက်လျင် Sign out လုပ်မလား Find device လုပ်မလား ရွေးရပါတယ်။
Find My Device ကိုရွေးပါ။ 
Terms and Conditions  ကိုလက်ခံလားမေးလျင် Accept  လုပ်ပေးပါ။ 
ကွန်ပြူတာထဲကလုပ်လျင်တော့တခါတလေ နည်းနည်းပေရှည်ပါတယ်။
Find My Device ကိုဖွင့်လို့
Check recent security activity for suspicious changes
Try calling your phone
Sign out on your phone
Reach out to your carrier
စတာတွေမေးလာလျင် အားလုံးကို No Thanks ကိုရွေးပါ။ 
 ပြီးလျင် Next Step ကိုရွေးပါ။
Continue to your Google account   ဆိုမှ ဖုန်းနောက်ဆုံးလိုင်းပေါ်တက်တဲ့ တည်နေရာကို  Google Map မှာပြပါတယ်။
အဲဒီမှာ လုပ်ဆောင်နိုင်တာ သုံးမျိုးကိုပြပါတယ်၊ 
(၁) Play sound
ဖုန်းကို silent လုပ်ထားလျင် တောင် Online တက်လာတာနဲ့  ၅ မိနစ်ကြာအောင် ဖုန်းခေါ်သံမြည်ပါတယ်၊အသံကိုဖုန်းကိုင်သူက ပိတ်လိုက်လျင် လည်းပိတ်လိုက်တယ်လို့ပြပါတယ်။ 
(၂) Secure device
 ကိုရွေးလျင်တော့ Add message or phone number ဆိုပြီး ပျောက်နေတဲ့ ဖုန်း Locked screen မှာပြေစေချင်တဲ့မက်ဆေ့ နဲ့ ကိုယ့်ကိုပြန်ဆက်သွယ်ဖို့ ဖုန်းနံပတ်ကိုထည့်လို့ရပါတယ်၊။
ဖုန်း နံပတ်ထည့်လျင် နိုင်ငံကုဒ်ပါထည့်ရပြီး အင်္ဂလိပ်ဂဏန်းဖြစ်ရပါမယ်
ဥပမာ ဖုန်းနံပတ်က 0997123456 ဆိုလျင် 95997123456 လို့ဖြည့်ပါ။
အဲဒီနံပတ်ကို ဟိုဘက်ဖုန်းမှ မြင်ရမှာမဟုတ်ဘဲ ဖုန်းခေါ်ဖို့ ပုံကလေးသာပြပြီး အဲဒီဖုန်းပုံကိုနှိပ်လျင် ကိုယ်ထည့်ပေးတဲ့ နံပတ်ကို ခေါ်ပေးမှာပါ။ အဲဒီဖုန်းကဒ်ထဲမှာ ဖုန်းခေါ်ခ လုံလောက်စွာကျန်ဖို့တော့လိုပါတယ်။
(၃) Erase Device
ကိုရွေးလျင်ကတော့ တဘက်ဖုန်းထဲက အချက်အလက်တွေအားလုံးကိုဖျက်ပြီး ဖုန်းအသစ်တလုံးလိုဖြစ်အောင် ရှင်းပေးမှာပါ။
(၄) ပြီးလျင်တော့ အထဲက SIM card ထုတ်တဲ့ အော်ပရေတာကို ဖုန်းဆက်ပြီး ကိုယ့်နံပတ်ကို ပိတ်ခိုင်းပါ။ နောင်မှ အစားထိုး SIM ကဒ်ပြန်လျှောက်ပါ၊။   SIM card ကိုမှတ်ပုံတင်ထားသူက လုပ်ရမှာပါ။ 
 ဖုန်းနဲ့ အတူအဖမ်းခံရလို့ဖုန်းကို စကစတွေက ဖုန်းစကရင်ကို  unlock  လုပ်ခိုင်းလျင် ဖုန်းထဲကဒေတာတွေကိုသူတို့မရအောင် ဘယ်လိုဖျက်မလဲ၊
ကြိုတင်ပြင်ဆင်ထားပါ။ 
တော်လှန်ရေးလုပ်နေသူတွေ ဖုန်းထဲမှာ ကိုယ်လုပ်နေတာနဲ့ပတ်သက်တဲ့အချက်အလက်တွေရှိမယ်။ ဖမ်းခံရလို့အချက်အလက်တွေပေါက်ကြားလျင် တခြားသူတွေကိုထိခိုက်နိုင်မယ်ဆိုလျင် 
(၁)  လုံခြုံရေးအတွက် Google account  တခုသီးသန့်လုပ်ပြီး ကိုယ့်ဖုန်းထဲမှာ အဲဒီအကောင့်ကို ဖုန်းထဲမှာဝင်ထားပါ၊
အကောင့်ကိုတော့ တခြားအတွက်မသုံးပါနဲ့
(၂) ကိုယ့်အကောင့်ပါစ်ဝါ့ဒ် ကို စိတ်ချရသူ၊ အဆက်အသွယ်မပျက်သူတဦးတဦးကို ပေးထားပါ၊
(၃)  သူ့ကိုလည်း ကိုယ်အဖမ်းခံရတယ်ကြားလျင်ကိုယ့်ဖုန်းထဲကဒေတာတွေကို အဝေးကနေလှမ်းဖျက်ဖို့မှာထားပါ။
လုပ်ဆောင်ပုံကတော့ အပေါ်မှာရေးထားတဲ့ထဲက (၃) Erase Device အတိုင်းလုပ်ရုံပါပဲ၊ 
ဖိုးသုည
၃၀-၀၇-၂၀၂၂
https://phoethunya-it.blogspot.com/2022/07/blog-post.html
Sunday, 22 September 2019
ဖေ့စ်ဘုတ်ပရိုဖိုင်းနာမည်ကို မိမိ ID တင်၍ပြောင်းခြင်း
ဖေ့စ်ဘုတ်ပရိုဖိုင်းနာမည်ကို မိမိ ID တင်၍ပြောင်းခြင်း/
မိမိ ဖေ့စ်ဘုတ်ပရိုဖိုင်းနာမည်ကို  အားလုံးအပြည့်အစုံတဆက်တည်း ​ပေါ်စေခြင်း
ယူနီကုဒ်ပြောင်းပြီးနောက်
ဖေ့စ်ဘုတ် ပရိုဖိုင်းက မြန်မာနာမည်တွေ တလွဲဖြစ်ကုန်လို့ ပြောင်းချင်တယ်။
ဖေ့ဘုတ်က ရက် ၆၀ အတွင်းနာမည်ပြောင်းကို ပိတ်ထားတယ်။
ကိုယ့်အမည်မှန်ကိုသုံးနေတယ်.
မှတ်ပုံတင် (သို့) ဓါတ်ပုံနဲ့ မွေးနေ့ပါဖေါ်ပြထားတဲ့ လိုင်စင် စတဲ့ ID တခုခုရှိတယ်။
အဲဒီ ID ကနာမည်ကို သုံးပြီး ဖေုဘုတ်နာမည်ကို ယူနီကုဒ်နဲ့ ရေးချင်တယ်ဆိုလျင်
(၁) ပေးထားတဲ့ လင့်က ပုံစံကိုဖြည့်ပါ။
https://www.facebook.com/help/contact/1417759018475333
(၂) နာမည်ကို ကိုယ်ရေးချင်တဲ့ အတိုင်းဖြည့်ပါ
နာမည်ကို တဆက်တည်းရေးပေးလည်းရပါတယ်။
First name  နေရာမှာ မိမိနာမည် အပြည့်အစုံကို မြန်မာလို ယူနီကုဒ် နဲ့ ရေးပြီး
Surname နေရာမှာ အင်္ဂလိပ်လို  No Surname လို့ဖြည့်ပါတယ်၊
(၃) မိမိရဲ့ တရားဝင် မှတ်ပုံတင် ( မြန်မာ ဘာသာနဲ့လဲရပါတယ်) သို့မဟုတ် ကားလိုင်စင် ကို ဓါတ်ပုံရိုက်ပြီးတင်ပေးရပါမယ်။
မှတ်ပုံတင် နံပတ်  (သို့) လိုင်စင်နံပတ် သည် အရေးကြီးသည့်အတွက်နံပတ်ကို ပြစရာမလိုပါ။ ကာထားဖျက်ထားပါ။
နာမည်နဲ့ မွေး သက္ကရာဇ်တော့ ပြရပါမယ်။
နာမည် က အခုပုံစံမှာ ဖြည့်တာနဲ့တူရပါမယ်။
မွေး သက္ကရာဇ် က ဖေ့ဘုတ်မှာ တင်ထားတဲ့အတိုင်းဖြစ်ရပါမယ်။ မဖြစ်လျင် ပြင်ရမှာပါ.
ဖေ့ဘုတ် နာမည် ပြသနာတက်ပြီး ID တောင်းလျင်လည်းလုပ်ပုံတူပါတယ်။
၄, အဆင်ပြေလျင် တခဏအတွင်းနာမည်ပြောင်းသွားပါတယ်။ အဆင်မပြေလျင် တော့ ၂ ရက် ၃ ရက်စောင့်ရနိုင်ပါတယ်။ ကိုယ်တင်တဲ့ ID က သူတို့လက်ခံနိုင်တဲ့ စည်းကမ်းနဲ့ မညီလျင်တော့ ထပ်တောင်ပါလိမ့်မယ်။
ဖိုးသုည
၂၂-၉-၁၉
ဇော်ဂျီ
Friday, 20 September 2019
ဇော်ဂျီနဲ့ ယူနီကုဒ် နှစ်ကမ္ဘာအကြားဆက်သွယ်ရေး
ဇော်ဂျီနဲ့ ယူနီကုဒ် နှစ်ကမ္ဘာအကြားဆက်သွယ်ရေး
ဒစ်ဂျစ်တယ်မြန်မာဘာသာစကားကို ဇော်ဂျီကနေ ယူနီကုဒ်စနစ်ကိုကူးပြောင်းစကာလမှာ ယူနီကုဒ်စနစ်ကို ပြောင်းပြီးသုံးလာကြသူတွေများလာပေမယ့် ဖုန်းနဲ့ ကွန်ပြူတာသုံးစွဲသူအားလုံးက တပြိုင်တည်းပြောင်းလာမဟုတ်ပါ။
ဇော်ဂျီဘက် အခြမ်းမှာ ကျန်နေသူတွေ အများကြီးရှိနေသေးလေတော့ သူတို့နဲ့ ယူနီကုဒ်စနစ်ကိုပြောင်းလဲသုံးစွဲလာသူတွေ အကြား မြန်မာဘာသာနဲ့ စာရေးဆက်သွယ်ရေးကပြသနာဖြစ်နေပါတယ်။
အလွန်တော်တဲ့ မြန်မာ အိုင်တီပညာရှင်များက ဖြေရှင်းနည်း မျိုးစုံကိုဖန်တီးပေးထားကြပါတယ်။ 
ကျနော်တို့ သုံးစွဲသူတွေက သုံးတတ်ဖို့ပဲလိုပါတယ်
အိုင်တီသမားမဟုတ်ဘဲ သုံးစွဲသူတယောက်အနေနဲ့ အန်းဒွိုက် ဖုန်းတွေနဲ့ပတ်သတ်ပြီး အများစုအသုံးတည့်မယ်အချက်တချို့ကိုပဲ အခုဒီပို့စ်မှာ ရှဲမှာပါ။
ဒီအထဲမှာ အပြန်အလှန် ဆက်သွယ်ရေးအတွက်ပဲရေးမှာပါ။ 
လက်ရှိပြသနာ
လက်ရှိအချိန်မှာ အဓိကပြသနာက ဇော်ဂျီနဲ့လာတဲ့ မက်ဆေ့ကို ယူနီကုဒ်ဖုန်းမှာ ဖတ်လို့မရဘူး၊ ကိုယ်ပြန်ပို့တဲ့ မက်ဆေ့က ယူနီကုဒ်ဖြစ်နေလို့ တဖက် ဇော်ဂျီသုံးနေသူက ဖတ်မရဘူး
လိုအပ်ချက်
၁. မြန်မာစာသုံးသူအားလုံးယူနီကုဒ်ကိုပြောင်းပြီးသုံးဖို့ပါ။ အဲလိုပြောင်းလာလိုက်တာနဲ့ ဖေါ်ပြပါ ပြသနာတွေ မရှိတော့ပါ။ ခက်တာက  ဇော်ဂျီဘက်အခြမ်းမှာ ကျန်နေသူတွေထဲမှာ မပြောင်းချင်လို့နေခဲ့သူတွေရှိသလို ပြောင်းပြီးလျင်အဆင်မပြေဖြစ်မှာကိုကြောက်လို့ မပြောင်းသေးသူတွေ၊ ပြောင်းဖို့ကြိုးစားပါသော်လည်း မိမိဖုန်းရဲ့ အခြေအနေအရ ပြောင်းမရသေးသူတွေ၊ ပြောင်းရကောင်းမှန်းကို မသိသေးသူတွေ၊ ပြောင်းချင်သော်လည်း မပြောင်းတတ်လို့ ကျန်နေသူတွေဆိုပြီး အမျိုးမျိုးရှိကြမှာပါ။ လောလောဆယ် စပ်ကူးမှတ်ကူးကာလမှာ ရေတိုဖြေရှင်းနည်းလိုပါတယ်။
၂ ယူနီကုဒ်ဖုန်းတွေကိုဝင်လာတဲ့ ဇော်ဂျီနဲ့ရေးထားတဲ့စာတွေ ကိုဖတ်လို့ရဖို့
၃. မိမိရဲ့ ယူနီကုဒ်ဖုန်းထဲကနေ မက်ဆေ့ကိုပြန်ရေးပြီး ဇော်ဂျီသုံးသူဖတ်လို့ရအောင်ပြောင်းပြီးပို့ပေးဖို့ ။
ရေတိုဖြေရှင်းနည်းများ
ဇော်ဂျီနဲ့ ရေးထားတဲ့ စာတွေ ကို ယူနီကုဒ်ဖုန်းတွေမှာ ဖတ်လို့ရဖို့ ။
ဇော်ဂျီနဲ့ ရေးထားတဲ့ စာတွေကို Select လုပ်ပြီး copy လုပ်လိုက်ရင် clip board ပေါ်ကိုရောက်လာပါတယ်။ 
အဲဒီစာတွေကို ယူနီကုဒ်ဖြစ်အောင် converter တခုခုမှာရှိတဲ့ ဇော်ဂျီဘက်အခြမ်းမှာ Paste လုပ်လိုက်လျင် 
converter က အဲဒီစာတွေကိုယူနီကုဒ်အနေနဲ့ပြောင်းပြီးပြပေးပါတယ်။ အဲလိုပြောင်းထားတဲ့စာတွေကိုကိုယ်လိုသလို ကူးပြီးသိမ်းလို့ရပါတယ်။ 
MM Font Converter, Rabbit Converter, PK Converter စသည်ဖြင့်အတော်များများရှိပါတယ်။ 
ဒီလို စာတွေကို copy လုပ်၊ converter app ကိုဖွင့်၊ paste လုပ်ပြီး convert လုပ် နဲ့အလုပ်ရှုပ်တာကိုသက်သာအောင် မြန်မာအိုင်တီပညာရှင်များက စာကို ကော်ပီကူးလိုက်တာနဲ့ Converter က Pop up window နဲ့ တခါတည်း ယူနီကုဒ်ကိုပြောင်းပြအောင်ကြံဆောင်လာရုံသာမက တချို့ကီးဘုတ်တွေမှာ အဲလို ကွန်ဗာတာကိုတွဲထည့်ပေးလိုက်ပါတယ်။ အဲဒီအခါ pop up  converter ပါတဲ့ ကီးဘုတ်တွေသုံးနေသူတွေက ကိုယ်ဖတ်လို့မရတဲ့ ဇော်ဂျီနဲ့လာတဲ့စာ ၊ ရေးထားတဲ့ပို့စ်တွေမှာ စာတွေကို select လုပ်ပြီး copy လုပ်တာနဲ့ converter Window က pop up လုပ်လာပြီး  ယူနီကုဒ် စာလုံးတွေဖြစ်အောင်ပြောင်းပြီးပြမှာပါ။ 
Popup convertes
အဲဒီ pop up  converter ရတဲ့ ကီးဘုတ်တချို့ကိုဒီမှာဖေါ်ပြထားပါတယ်။ တချို့ကီးဘုတ်တွေမှာ အဲဒီ pop up  converter ကိုတခါတည်းဖွင့်ထားပေးပေမယ့်တချို့မှာတော့သုံးစွဲသူက ဖွင့်ပေးရပါတယ်။  ဒီလိုပြလို့ရဖို့ " Permit Drawing over other apps ဆိုတဲ့ ပါမစ်ရှင်တောင်းလာလျင်ဖွင့်ပေးထားဖို့တော့လိုပါတယ်။ အဲဒီပါမစ်ရှင်မရလျင် pop up လုပ်မရပါ။ 
ကီးဘုတ်အလိုက် pop up converter ဖွင့်ပုံလေးတွေကိုပြထားပါတယ်။ 
Bagan နဲ့ Frozen KB တွေမှာ Popup အတွက်ရွေးစရာသီးသန့်မပါပါ။ Z<=>U converter ကိုပဲဖွင့်ပေးရပါတယ်။ 
K Keyboard Smart PopUp
Manic KB Zawgyi Reader 
TT Keyboard Clipboard converter
 Gboard နဲ့ Swifkey တို့ ဗေကီးဘုတ် စတဲ့ pop up  converter  မပါတဲ့ Keyboard သုံးသူတွေကတော့ MM Font converter ကို Pop up function ဖွင့်ထားပြီးတွဲသုံးလို့ရပါတယ်။ တခုရှိတာက MM Font converter က background မှာ run နေမှ pop up ပေးမှာပါ။ အဲလို background မှာ run နေဖို့ MM Font converterကို အရင် ဖွင့်ပြီး back တခါနှိပ်ပြီးပြန်ထွက်ပြီးမှ ကျန်တဲ့ app ကိုဖွင့်ပါ။ 
ဇော်ဂျီနဲ့သာ ဖတ်လို့ရသူတွေဆိုကီု ယူနီကုဒ်ဖုန်းတွေကနေ စာပြန်လျင် ဇော်ဂျီကိုပြောင်းပြီး ပြန်ပို့နိုင်ဖို့
အဲဒီဇော်ဂျီ ယူနီကုဒ် ကွန်ဗာတာတွေက ကိုယ်က ယူနီကုဒ်နဲ့ ရေးတဲ့စာကို ဇော်ဂျီကိုပြောင်းပြီး ပြန်ပို့ချင်လျင်လည်း ကီးဘုတ်ရဲ့ အပေါ်တန်းမှာ ပတ်ချာလည်မျှားပုံ converter ကိုနှိပ်လိုက်လျင် ရေးထားတဲ့စာတွေကို ဇော်ဂျီကိုပြောင်းပေးလို့ ပြန်ပို့တဲ့အခါ ဇော်ဂျီအနေနဲ့ထွက်သွားတော့ တဖက်ကဇော်ဂျီပဲသုံးတဲ့ဖုန်းတွေမှာ ဖတ်လို့ရမှာဖြစ်ပါတယ်။
အောက်ဖေါ်ပြပါကီးဘုတ် 5 မျိုးလုံးမှာ အဲဒီလို ကွန်ဗာတာတွေ ပါလာပါပြီ။ အဲဒီကွန်ဗာတာတွဗက  အဆင်သင့်သုံးဖို့ပါပြီးသားဖြစ်လို့ အဖွင့် အပိတ်လုပ်စရာမလိုပါ.။  popup converter တွေကိုတော့ အလုပ်မလုပ်သေးလျင် ဖွင့်ထားမထားစစ်လို့ရပါတယ်။ ကီးဘုတ် တခုချင်းစီအတွက် ပုံတွေ တင်ထားပေးပါတယ်။
Frozen 2 Keyboard
KKeyboard
TT Keybaord
Manic Keyboard
Bagan Keyboard
Keyboard နှင့် Converter Download link များ
KKeyboard
Frozen Keyboard - Unicode Myanmar
Bagan - Myanmar Keyboard
TTKeyboard - Myanmar Keyboard
Manic - Myanmar Unicode Keyboard
 MM Font converter
ဖိုးသုည
19-9-19
ဖုန်းထဲက contact, file name Music file တွေနာမည်ကို ယူနီကုဒ်ပြောင်လျင်တော့ Bagan Keyboard ထဲက Unicode Converter ဖြစ်စေ MM Unicode Toolkit ဖြစ်စေသုံးလို့ရပါတယ်။ 
mmUniToolkit 
Sunday, 15 April 2018
မိုးကြိုးနဲ့ မိုဘိုင်းဖုန်း (ယူနီကုဒ်)
မိုးကြိုးနဲ့ မိုဘိုင်းဖုန်း
မိုးရွာနေတုံး မိုဘိုင်းဖုန်းသုံး ရင် မိုးကြိုးပစ်ခံရဖို့ အန္တရာယ် ပိုမများပါ။
၂၀၀၆ က ဘီဘီစီနဲ့ BMJ ဆေးဂျာနယ် က ဆောင်းပါး တခုကြောင့် မိုးရွာထဲမှာ မိုဘိုင်းဖုန်းကို ကိုယ်နဲ့ အတူဆောင်ထားသူတွေ၊ မိုးရွာထဲမှာ မိုဘိုင်းဖုန်း သုံးသူတွေ မိုးကြိုးပစ်ခံရဖို့ ပိုများတယ်ဆိုပြီး အင်တာနက်မှာပြန့်ခဲ့ပါတယ်။
အဲဒါမမှန်ပါဘူးဆိုတာကို အမေရိကန် မိုးလေဝသဌာန မိုးကြိုးအန္တရာယ် ကာကွယ်ရေး ၊ အမေရိကန် စတန်းဖိုဒ် တက္ကသိုလ် ၊ သြစတေးသျှ မိုဘိုင်းဖုန်း ဆက်သွယ်ရေးအသင်းကြီး စတဲ့ မိုးကြိုးအန္တရာယ်ကို စနစ်တကျ လေ့လာကြတဲ့ဌာနကြီးတွေက အတိအလင်းပြောကြားပြီး ဖြစ်ပါတယ်။
မိုးရွာနေချိန်၊ မိုးကြိုးမုန်တိုင်းကျ နေချိန်တွေမှာ စိတ်ချရတဲ့ အဆောက်အဦ တွေထဲမှာ မနေဘဲ အပြင်မှာရှိနေရင်တော့ လူတိုင်း မိုးကြိုးပစ်ခံရမဲ့ အန္တရာယ် ရှိကြပါတယ်။
အဲဒီ အန္တရာယ်က အိတ်ထဲမှာ မိုဘိုင်းဖုန်းဆောင်ထားတာ သုံးစွဲတာတွေ နဲ့ ဆက်စပ်မှု မရှိပါဘူးတဲ့။
မိုဘိုင်းဖုန်း မှာ လျှပ်ကူးပစ္စည်းထက် လျှပ်ကာပစ္စည်းက ပိုများပြီး၊ ဖုန်းကသုံးတဲ့ ရေဒီယိုလှိုင်းက မိုးကြိုးကို ဆွဲဆောင်တာမျိုး မရှိဘူးလို့ ဆိုပါတယ်။
တချိန်ထဲမှာဘဲ  မိုးရွာနေချိန် ကြိုးဖုန်းနဲ့ ပြောနေရင်း ဖုန်းကြိုးကို မိုးကြိုးလျှပ်စစ်ဓါတ်ဝင်လို့  ဓါတ်လိုက် သေဆုံးတာကတော့ မိုးကြိုးကြောင့် သေဆုံးသူရဲ့ ၄-၅ ရာနှုန်း ရှိတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် မိုးကြိုးမုန်တိုင်းကျနေချိန် အရေးပေါ်ဆက်သွယ်စရာရှိရင် မိုဘိုင်းဖုန်း ကိုသာသုံးပါ ကြိုးဖုန်းကို မသုံးပါနဲ့လို့ အကြံပြုထားပါတယ်။
မိုးကြိုးမုန်တိုင်းထဲမှာ အနားက ဒုက္ခရောက်နေသူကိုကူဖို့ ခေါ်စရာ မိုဘိုင်းဖုန်း လက်ထဲမှာ အဆင်သင့် မရှိတာက မိုးရွာထဲမှာ မိုဘိုင်းဖုန်း သုံးတာထက် ပို အန္တရာယ်ရှိတယ်လို့ မှတ်သားရကြောင်းပါ ခင်ဗျာ။
တခုတော့ရှိတာပေါလေ၊ မိုးရွာနေချိန် မိုဘိုင်းဖုန်းကို အားသွင်းကြိုး တန်းလန်းနဲ့ သုံးရင်တော့ ကြိုးဖုန်းကို သုံးသလိုဘဲ အန္တရာယ် ရှိပါတယ်။
မှားတာတွေ့ရင်လဲထောက်ပြပေးပါ၊ ရှဲလိုသူများလဲ လွတ်လပ်စွာရှဲနိုင်ပါတယ်။
ဖိုးသုညပါ။
ကျွန်တော်ဒီပို့စ်ကို အမေရိကန် မိုးလေဝသဌာန ရဲ့ http://www.srh.noaa.gov/srh/jetstream/lightning/lightning_faq.html
http://www.lightningsafety.noaa.gov/struck.shtml 
အမေရိကန် စတန်းဖိုဒ် တက္ကသိုလ်ရဲ့ http://large.stanford.edu/courses/2012/ph250/agarwal1/
သြစတေးသျှ မိုလိုင်းဖုန်းဆက်သွယ်ရေးအသင်းကြီးရဲ့  http://www.amta.org.au/pages/Mobile.phones.and.lightning
 တို့ကို ကိုးကားရေးသားပါသည်။
မိုးကြိုး နဲ့ မိုဘိုင်းဖုန်း ( ဇော်ဂျီဖွန့်)
ဖိုးသုညပါ။
Sunday, 28 January 2018
Kerui W193 GSM, PSTN, WIfi home alarm system
Is your home secure by having CCTV sytem?
Most CCTV do not have alarm system.
They are sueful to watch and monitor the area and review video after something happen.
We can't watch CCTV monitor continuouly like in movie.
It can't help you to prevent intruders  or other mishaps.
Home security system/ Burgler alarm system  is the one to prevent the intruder instantly by sounding a loud siren to alert the neighbours and sacre the intruder away, send instant message or call the house owner to report to police intime.
Here is Kerui W 193 alarm system.
It works with 99 sensors  and some peripherals together.
It work with  wireless Door sensors, motion detector sensors, smoker detector, gas detector, water over flow detector, vibration detector, IP camera, wireless siren and smart sockets and two wired sensors.
It uses three way of communication with owner's mobile.
1. GSM and WCDMA (3G) mobile netwrok. 3 varients for EU, US and Australia because of differences in WCDMA frequency. ( Both DST and Prograsif cellular use WCDMA 2100 MHz)
2. PSTN Land line
3. Wifi
Main Feature
■ TFT color display, humanized menu, operation with voice prompt, easy to use 
■ Support 2.4G WIFI wireless network, configuration network easy
■ Support feedback host real-time status to APP
■ App support for several W2 alarm operation 
■ Read RFID card to disarm, can learn 20 cards.
■ Mobile APP set and remote control the host, with alarm push function, support IOS / Android operating system.
■ GPRS networking function, can be uploaded host state to network alarm management, also through the network alarm management client software, remotely host arm and disarm.
■ Can set CID number, compatible with international alarm networking protocol Contact ID
■ There are 99 zones,2 wired zones and 8 zone types optional in each zone; 
ON/OFF siren in each zone is available
■ Host can be used as a normal cellphone to call other phones directly 
■ To Set host through phone or SMS remotely.
■ 8 groups scheduling Arm/Disarm function, and date can be selected to avoid arm and disarm frequently manually to realize automatic control.
■ One-way alarm linkage wireless relay, and one-way wireless strobe siren
■ Control as much as 20 smart sockets through App, phone or SMS remotely, to realize appliances remote control.
■ Host dial phone number preset by user when alarms, and number never lost even power off
■ 10s automatic message recording with built-in artificial voice, so that user can know the alarm
place and zone when receive the alarm call remotely. 
■ Arm/Disarm, Monitor, Speaker, siren ON/OFF, relay ON/OFF, smart socket ON/OFF remotely.
■ Wireless study 1527 series accessories, and as much as 99 detectors and remote controls.
■ Integrate high precision clock chip so that time never lost even power failure. 
■ Display the latest 99 arm/disarm, alarm and card read records with unique black box function.
■ Low-voltage indication and anti-tamper of host and accessory 
■ Built-in rechargeable high capacity LI battery and supply power automatically when power supply failure
■ Caller ID display, power-off reminder.
 User manual is available here 
https://my.pcloud.com/publink/show?code=XZzKKp7ZLAuRIV2bpSmTO4zmwkq9pjSNOBU7